“ကြည့်ကြပ် လုပ်ကြ.. အူးအူးတွေနော်.. အိမ်ကမဟေသီကြီးနဲ့ ပြန်ဆုံနေမယ်…”

ကြည့်ကြပ် လုပ်ကြ.. အူးအူးတွေနော်.. အိမ်ကမဟေသီကြီးနဲ့ ပြန်ဆုံနေမယ်

“မောင် ဖုန်းကို ပြူးပြဲကြည့်နေတာ ဘာဖြစ်လို့လဲ

“ငင် … “

မိန်းမက ရုတ်တရတ်ကြီး လာကြည့်တော့ ကျုပ် မျက်လုံးပြူးသွားတယ်

ပြူးဆို ကျုပ်က ကြူနေတာကိုး

မိန်းမသိရင် ညစာငတ်မှာ

ညစာဆိုတာက စိတ်ဆိုးပြီးထမင်း မချက်တော့မှာကို ပြောဒါ

ခင်ဗျားတို့ အတွေးဒွေ သိနေလို့ ရှင်းပြရဒါ

“မနေ့က မြန်မာတွေ ရှုံးသွားတာကို ရခိုင်မှာ ဆူကြ ပူကြတယ် ကြားလို့ ဟာသရေးရင်းနဲ့ သီချင်းနားထောင်နေတာ ပြီးတော့ ကီးဘုတ်က တမှောင့် သိုင်းလောကကလဲ စာတွေလာတယ်

အဲဒါနဲ့ ထီလက်မှတ်ဝယ်မလို့ ကြံနေတာပါ ချစ်ရာ … “

“ဖီး… မောင့်ဟာက ဘာတွေတုန်း ရှုပ်နေတာပဲ … “

“ဟုတ်တယ် ချစ်ရ ရှုပ်တယ် “

တကယ်တော့ မိန်းမကို မရှုပ်ရှုပ်အောင် တမင်ပြောလိုက်ရတာ မဟုတ်ရင် crush လေးနဲ့ကြူနေတာ သိမှာစိုးလို့

“အေးပါမောင်ရယ် … ချစ် ထမင်းအိုးသွား ကြည့်လိုက်ဦးမယ် “

“ဟုတ် … “

မိန်းမ မရှိတော့ ဆက်ကြူတာပေါ့… crush ဆိုတာကလည်း တစ်ယောက်တည်းမှ မဟုတ်ပဲ ကျုပ်မှာ လက်မလည်ဘူး

“မောင် … ”

“ဖြီး … ”

ထပ်ခေါ်တော့ လန့်သွားတာပဲ… လန့်ရမယ်လေ ကိုယ်က မဟုတ်တာလုပ်နေတဲ့ ကောင်ကိုး

“သိုင်းလောကအကြောင်း ချစ်နည်းနည်း သိချင်လို့ ”

“ဪ ဟုတ်ချစ် ”

“ဝူတန် ဂိုဏ်းခေါင်းဆောင်က ဘယ်သူလည်းမောင်ရဲ့ ”

“အဲ … စိမ့်မေမျောင် … အန်း ဟုတ်သေးဘူး… တုံယေချန် … ဟုတ်သေးဘူးဟ ”

“ဓာတုကလျာမဟုတ်ဘူးလားမောင်ရဲ့ … “

“ဪ ဟုတ်သားပဲ မေ့နေတာ … “

“ဟု ဟု ရပြီမောင် ဆက်လုပ် ”

ဖူး … တော်သေးလို့… မိန်းမက သူ့ဟာသူ နာမည်ရသွားလို့ … ဓာတုကလျာကတော့ စိတ်ဆိုးမလားမသိ … ဘာဖြစ်လဲ သူကသေပြီပဲကို

“မောင် … ”

“ဂိ …

လာပြန်ပြီ … ဘာမေးဦးမယ် မသိဘူး …

မိန်းမတွေက တကယ်အမေးအမြန်း ထူတာ

“ကီးဘုတ်ဆိုတာ ဘာလဲမောင်ရဲ့ ”

“ဒီလိုချစ်ရေ … ကီးဆိုတာက သော့ ဘုတ်ဆိုတာကလှေ …

သူက လှေပုံစံ သော့လေးကို ပြောတာ … ”

“ဪ ထင်တော့ ထင်သားပဲ … ”

“ဟုတ် ချစ် … ”

“ဪ မောင်… ”

“ဂျာ … ”

“အလောင်းစည်သူကို သိတယ်မို့လား … ”

“သိတယ်လေ ချစ်… ”

“ဟု … အခု သူဘယ်မှာတဲ့လဲ ”

“ဆိုက်ကားနင်းနေတယ်လေ ချစ်ရာ … “

“ဪ … စီးပွားရေး မကောင်းရှာဘူးနဲ့တူတယ် … ”

“ဟုတ်လောက်တယ် … ချစ်ရေ … ”

“ဪ ဒါနဲ့မောင်ရေ … ”

“ဟု ချစ် … ”

မိန်မကြောက်လို့သာ ပြန်ပြောနေတာ crush လေးတွေက စာပို့နေလောက်ပြီ…

“မိုနာလီဇာကို သိတယ်မို့လား … ”

“သိပါ့ … ”

“သူရော ဘာတွေလုပ်နေတယ်တဲ့လဲ ”

“သူက ငါးရောင်းနေတာ ကြာပြီလေ မိန်းမရာ… ”

“ဟုတ်လား … ”

“ဒါဆို အိုင်းစတိုင်းကြီးရော … ”

“သူကတော့ တစ်နေ့လုံး ဆံပင်ကို ဂျယ်ပဲထောင်နေတယ် ချစ်ရေ့ ”

“ဒီကောင်ကွာ … ကြီးမှ ပိုကဲလာတာ ”

“ဟုတ်ပါ့ … ”

“ဒါနဲ့မောင်ရေ … အဲဒီနာမည်နဲ့ အကောင့်တွေကို စကားမပြောနဲ့နော် ”

“ဘာလို့လဲ မိန်းမရ”

“အကုန်လုံး မိန်းမဟာတွေမို့လို့ … ”

ဆိုပြီး ပြန်သွားရော …

ပြီးမှ ကိုယ်နဲ့ပြောနေတဲ့ crush လေးတွေနာမည်ကို ကြည့်တော့

ကီးဘုတ်ဖိုက်တာမ

ဝူတန်ဂိုဏ်းချုပ် ဓာတုကလျာ

အလောင်းစည်သူမိဖုရား

ခေတ်သစ်မိုနာလီဇာ

အိုင်းစတိုင်းကတော် တဲ့ …

ဖြီး …

ကတောက်စ် … အကုန် မိန်းမဟာတွေချည်းပဲ မိန်းမရယ် အကောင့်တွေ ဘယ်နှခုတောင် ဖွင့်ထားရဒါတုန်း

ဖြီး …

ကြည့်ကြပ်လုပ်ကြ အူးအူးတွေနော် အိမ်ကမဟေသီနဲ့ ပြန်ဆုံနေမယ်…

credit to writer