










crd


Unicode

သူမနဲ့ ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ အစ်မချောချောလေးကို ထုတ်ပြလိုက်တဲ့ သ ဉ္ဇာနွယ်ဝင်း

သရုပ်ဆောင် မင်းသမီးချောလေး သ ဉ္ဇာနွယ်ဝင်းကတော့ အပြစ်ကင်းစင်တဲ့ မျက်နှာလှလှလေးနဲ့ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။

ကြော်ငြာ၊ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာ ရိုက်ကူးခဲ့ရတဲ့ သ ဉ္ဇာက လက်ရှိမှာတော့ အိမ်ထောင်ကျပြီး သားလေးတစ်ယောက်တောင် ရရှိထားပြီ ဖြစ်ပါတယ်။

တည်ငြိမ်အေးချမ်းတဲ့ မိသားစုဘဝလေးမှာ ပျော်ရွှင်နေတဲ့ သ ဉ္ဇာကိုတော့ ပရိသတ်တွေက ဆက်လက်အားပေးနေကြဆဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သ ဉ္ဇာက သားလေးကို စောင့်ရှောက်ရင်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်း လုပ်ကိုင်နေသလို ပွဲအခမ်းအနားတွေလည်း တက်ရောက်နေတာ တွေ့ရပါတယ်။

မနေ့ကလည်း သ ဉ္ဇာက ချစ်မရဲ့ မင်္ဂလာဆောင်ကို မိသားစု စုံစုံလင်လင်နဲ့ ပွဲတက်လာခဲ့ပါတယ်။

ဒီပွဲလေးမှာတော့ သ ဉ္ဇာက ချစ်ရတဲ့ ဖေဖေ၊ မေမေတို့နဲ့အတူ ပွဲတက်ခဲ့ပြီး သူချစ်ရတဲ့ အစ်မချောချောလေးနဲ့လည်း အမှတ်တရပုံတွေ ရိုက်ကူးခဲ့ပါတယ်။

သ ဉ္ဇာက သူနဲ့ ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ အစ်မချောချောလေးရဲ့ဘေးမှာ ကလေးတစ်ယောက်လို ကပ်ချွဲစိန်လေးလုပ်နေတာပဲ ဖြစ်ပါတယ်။ သ ဉ္ဇာတို့ညီအစ်မနှစ်ယောက်ကတော့

ရုပ်ချင်းဆင်ကြရုံသာမက မျက်နှာမှာ မှဲ့ပါတာလေးကအစ တစ်ပုံစံတည်းတူပြီး ချစ်ဖို့ကောင်းနေတာ တွေ့ရပါတယ်။

ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ သ ဉ္ဇာနွယ်ဝင်းတို့ညီအစ်မနှစ်ယောက်ရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။crd

Source:Thinzar Nwewin & Theint Theint Soe