“နမူနာဗီဒီယိုနဲ့တင် သွေးပျက်အောင် ကြောက်ဖို့ကောင်းတဲ့ “မဟူရာရုပ်ရှင်ရုံ” ရုပ်ရှင်ဇာတ်ကားကြီး”

7th Sense Creation Production ကနေ ထုတ်လုပ်ရိုက်ကူးတဲ့ “မဟူရာရုပ်ရှင်ရုံ” ဇာတ်ကားကြီးရဲ့ Offical Trailer က ဒီနေ့မှာ ထွက်ရှိလို့ လာပါပြီ

“မဟူရာရုပ်ရှင်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ကျော်ကျော်ဗို၊ မင်းသွေး၊ နန်းဆုဦးတို့နဲ့အတူတူ အိန္ဒိယနွယ်ဖွား International Model Actress တစ်ဦးဖြစ်တဲ့ Riya Ray တို့က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

“မဟူရာရုပ်ရှင်ရုံ ” ရုပ်ရှင်ဇာတ်ကားကြီးက ထိန်လန့်သည်းဖို သရဲကားဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ Trailer နဲ့တင် သွေးပျက်ဖို့ကောင်းအောင် ကြောက်ဖို့ ကောင်းတာမို့ ပရိသတ်တွေအတွက် မျှဝေလိုက်ပါတယ်နော်။

သရဲကားလို့ခေါ်တဲ့ Horror အမျိုးအစား ရုပ်ရှင်ဇာတ်လမ်းတွေကို အိမ်၊ စာသင်ကျောင်း၊ဆေးရုံ၊ ဘုရားကျောင်း၊ အဝေးပြေးကားလမ်း၊ တောအုပ်အစရှိသဖြင့် နေရာတစ်ခုပေါ်မှာမူတည်ပြီး ဇာတ်လမ်းရေးသား ရိုက်ကူးလေ့ရှိကြပါတယ်…

မဟူရာ ရုပ်ရှင်ရုံ ရုပ်ရှင် ဇာတ်ကားကိုတော့ ရိုက်နေကျ သရဲကားနဲ့ မတူအောင်ရိုက်တဲ့ နေရာအမျိုးအစာတွေကိုပါ ပြောင်းလဲထားတာပဲ ဖြစ်ပါတယ်။

မဟူရာရုပ်ရှင်ရုံ Offical Trailer

ရုပ်ရှင်ပွဲတော် တစ်ခုလုပ်ဖို့ စီစဉ်ကြတဲ့ သူငယ်ချင်းတစ်ဖွဲ့ က သူတို့ရဲ့ဖန်တီးမှုတွေကို နယ်တွေမှာ ရှိတဲ့ ရုပ်ရှင်ရုံတွေမှာ လိုက်ပြရင်း ရုပ်ရှင်ရုံထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကိုရိုက်ကူးထားတဲ့ မဟူရာ ရုပ်ရှင် ဇာတ်ကားကြီးကတော့ ထိန့်လန့်စရာ၊ ဇာတ်ဝင်ခန်းတွေနဲ့ ပြည့်နက်နေမှာအသေအချာပါပဲ ပရိသတ်ကြီးရေ။

ပရိသတ်ကြီးကလည်း မဟူရာရုပ်ရှင်ရုံ ရုပ်ရှင်ဇာတ်ကားကြီး ကို စောင့်မျှော် အားပေးကြပါဦးနော်။

Source: မဟူရာရုပ်ရှင်ရုံ