႐ုပ္ရွင္သ႐ုပ္ေဆာင္ ပါလုပ္ေတာ့မယ္ဆိုတဲ့ ပန္းေရာင္ျခယ္

႐ုပ္ရွင္သ႐ုပ္ေဆာင္ ပါလုပ္ေတာ့ မယ္ဆိုတဲ့ ပန္းေရာင္ျခယ္

သီခ်င္းဆိုလည္းေကာင္း၊ အကလည္းေကာင္း အႏုပညာမ်ိဳး႐ိုးလည္းရိွ ခ်စ္စဖြယ္ မ်က္မ်က္ႏွာေပါက္ေလးနဲ႔ ေယာက္်ားေလး ၊မိန္းကေလး ပရိသတ္ေတြအကုန္လံုးရဲ႕

အားေပးမႈကို အထူးရထားတဲ့ အဆိုေတာ္ ပန္းေရာက္ျခယ္ကေတာ့ အခုေလာေလာဆယ္မွာ သူလႈပ္႐ွားဖို႔႐ိွေနတဲ့ အႏုပညာ လႈပ္ရွားမႈေတြနဲ႔

ေနာက္လာမယ့္ အခ်ိန္ေတြမွာ သူဆက္လက္ လုပ္ေဆာင္သြားမယ့္ အႏုပညာလႈပ္ရွားမႈေတြကို WE Media နဲ႔အင္တာဗ်ဴး မွာေျပာျပသြားတာေတြ႐ိွပါတယ္။

သူေျပာျပသြားတဲ့အေၾကာင္းေတြက ပန္းေရာင္ျခယ္ကိုခ်စ္ၾကတဲ့ မိတ္ေဆြေ တြသိရေအာင္ ျပန္ေျပာေပးလိုက္ပါရေစခင္ဗ်။

“လတ္တေလာ အႏုပညာလႈပ္႐ွားမႈ ေတြကေတာ့ အခုပန္းေရာင္ေၾကာ္ျငာ႐ိုက္တယ္ေပါ့ေနာ္။ ေနာက္ ေၾကာ္ျငာေလးေတြ လည္းထပ္႐ိုက္ဖို ႔႐ိွပါေသးတယ္။

ေနာက္ၿပီးေတာ့ ပန္းေရာင္ ပြဲေလးေတြဆိုျဖစ္တယ္။ အေခြအေခ်ာသပ္လုပ္ေနတယ္။ ႐ုပ္ရွင္ဘက္ကိုလည္း ပန္းေရာင္ ႐ိုက္ကူးဖို႔ေတြ႐ိွပါတယ္။

ဒီႏွစ္ထဲမွာ အခုလထဲေတာ့မဟုတ္ေသးပါဘူး ။အေခြကေတာ့ သႀကၤန္ၿပီးမွ ေသခ်ာတာကေတာ့ Aprilၿပီးမွ ထြက္ျဖစ္မွာပါ။”

သ႐ုပ္ေဆာင္ပိုင္းမွာႀကံဳေတြရတဲ့အခက္အခဲေတြကိုလည္း “ဘယ္အလုပ္မဆိုကေတာ့ ဘယ္လိုေျပာမလဲ (စဥ္းစားလ်က္)အၿမဲတမ္း ေလ့လာသင္ယူေနရတယ္။

ပိုၿပီးပိုၿပီးေတာ့ ေကာင္းလာေအာင္ႀကိဳးစားေေနရတာျဖစ္တဲ့အတြက္ေၾကာင့္ သီခ်င္းဆိုတာနဲ႔သ႐ုပ္ေဆာင္တာနဲ႔က မတူသလိုလိုနဲ႔ တူေတာ့တူတယ္ေပါ့ေနာ္။

ဘယ္လိုေျပာမလဲ အႏုပညာအလုပ္ပဲဆိုေတာ့ အဓိကကေတာ့ ပန္းေရာင္ထင္တာက စိတ္အရင္းခံေပါ့ အႏုပညာကို တကယ္ခ်စ္ၿပီးေတာ့ အေကာင္းဆံုးႀကိဳးစားၿပီးေတာ့လုပ္မယ္ဆိုရင္ေတာ့ ဘာမဆိုျဖစ္ႏိုင္တယ္။

အၿမဲတမ္းေတာ့ႀကိဳးစားေနရမွာေပါ့ ဒီထက္ဒီထက္ပိုၿပီးေကာင္းလာေအာင္လို႔” ဆိုၿပီးေျပာျပသြားပါတယ္။

အခုဆိုရင္ မိတ္ေဆြတို႔ ကၽြန္ေတာ္တို႔ရဲ႕အခ်စ္ေတာ္ပန္းေရာင္ျခယ္ကေတာ့ ေနာက္ပိုင္းမွာ႐ုပ္႐ွင္ေတြမွာပါ သ႐ုပ္ေဆာင္ေတာ့မွာ ဆိုေတာ့ကၽြန္ေတာ္တို႔ရဲ႕

သူ႔အေပၚအားေပးမႈေတြကို ပိုၿပီးက်ယ္က်ယ္ျပန္႔ျပန္႔ အားေပးလို႔ရလာ ေတာ့မယ္ဆိုေတာ့အေၾကာင္းကို ေျပာျပလိုက္ပါၿပီေနာ္။

မိတ္ေဆြတို႔ရဲ႕ပန္းေရာင္ျခယ္ကို သေဘာက်တဲ့ အခ်က္ကေလးရွိခဲ႔ရင္ ဒါမွမဟုတ္ သူသာသ႐ုပ္ေဆာင္ရင္ ဘယ္လိုဇာတ္႐ုပ္မ်ိဳးနဲ႔ လိုက္မလဲဆိုတာကိုလည္း ႀကိဳၿပီးေဆြးေႏြး ေပးသြားၾကပါဦးခင္ဗ်။

ခရက္ဒစ္ – Pyawchinလြန္းလို႔

Unicode

ရုပ်ရှင်သရုပ်ဆောင်ပါလုပ်တော့မယ်ဆိုတဲ့ ပန်းရောင်ခြယ်

သီချင်းဆိုလည်းကောင်း၊အကလည်းကောင်း အနုပညာမျိုးရိုးလည်းရှိ ချစ်စဖွယ်မျက်မျက်နှာပေါက်လေးနဲ့ ယောက်ျားလေး ၊မိန်းကလေး ပရိသတ်တွေအကုန်လုံးရဲ့

အားပေးမှုကိုအထူးရထားတဲ့ အဆိုတော် ပန်းရောက်ခြယ်ကတော့ အခုလောလောဆယ်မှာ သူလှုပ်ရှားဖို့ရှိနေတဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့

နောက်လာမယ့်အချိန်တွေမှာသူဆက်လက်လုပ်ဆောင်သွားမယ့် အနုပညာလှုပ်ရှားမှုတွေကို WE Media နဲ့အင်တာဗျူးမှာပြောပြသွားတာတွေရှိပါတယ်။

သူပြောပြသွားတဲ့အကြောင်းတွေကို ပန်းရောင်ခြယ်ကိုချစ်ကြတဲ့ မိတ်ဆွေတွေသိရအောင် ပြန်ပြောပေးလိုက်ပါရစေခင်ဗျ။

“လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ အခုပန်းရောင်ကြော်ငြာရိုက်တယ်ပေါ့နော်။ နောက် ကြော်ငြာလေးတွေလည်းထပ်ရိုက်ဖို့ရှိပါသေးတယ်။

နောက်ပြီးတော့ပန်းရောင် ပွဲလေးတွေဆိုဖြစ်တယ်။ အခွေအချောသပ်လုပ်နေတယ်။ ရုပ်ရှင်ဘက်ကိုလည်း ပန်းရောင်ရိုက်ကူးဖို့တွေရှိပါတယ်။

ဒီနှစ်ထဲမှာ အခုလထဲတော့မဟုတ်သေးပါဘူး ။အခွေကတော့ သင်္ကြန်ပြီးမှ သေချာတာကတော့ Aprilပြီးမှ ထွက်ဖြစ်မှာပါ။”

သရုပ်ဆောင်ပိုင်းမှာကြုံတွေရတဲ့အခက်အခဲတွေကိုလည်း “ဘယ်အလုပ်မဆိုကတော့ ဘယ်လိုပြောမလဲ(စဉ်းစားလျက်)အမြဲတမ်းလေ့လာသင်ယူနေရတယ်။

ပိုပြီးပိုပြီးတော့ကောင်းလာအောင်ကြိုးစားနေရတာဖြစ်တဲ့အတွက်ကြောင့် သီချင်းဆိုတာနဲ့သရုပ်ဆောင်တာနဲ့က မတူသလိုလိုနဲ့ တူတော့တူတယ်ပေါ့နော်။

ဘယ်လိုပြောမလဲ အနုပညာအလုပ်ပဲဆိုတော့ အဓိကကတော့ပန်းရောင်ထင်တာက စိတ်အရင်းခံပေါ့ အနုပညာကိုတကယ်ချစ်ပြီးတော့ အကောင်းဆုံးကြိုးစားပြီးတော့

လုပ်မယ်ဆိုရင်တော့ဘာမဆိုဖြစ်နိုင်တယ်။ အမြဲတမ်းတော့ကြိုးစားနေရမှာပေါ့ ဒီထက်ဒီထက်ပိုပြီးကောင်းလာအောင်လို့” ဆိုပြီးပြောပြသွားပါတယ်။

အခုဆိုရင် မိတ်ဆွေတို့ ကျွန်တော်တို့ရဲ့အချစ်တော်ပန်းရောင်ခြယ်ကတော့ နောက်ပိုင်းမှာရုပ်ရှင်တွေမှာပါ သရုပ်ဆောင်တော့မှာဆိုတော့ကျွန်တော်တို့ရဲ့

သူ့အပေါ်အားပေးမှုတွေကိုပိုပြီးကျယ်ကျယ်ပြန့်ပြန့်အားပေးလို့ရလာတော့မယ်ဆိုတော့အကြောင်းကို ပြောပြလိုက်ပါပြီနော်။

မိတ်ဆွေတို့ရဲ့ပန်းရောင်ခြယ်ကိုသဘောကျတဲ့အချက်ကလေးရှိခဲ့ရင် ဒါမှမဟုတ် သူသာသရုပ်ဆောင်ရင် ဘယ်လိုဇာတ်ရုပ်မျိုးနဲ့လိုက်မလဲဆိုတာကိုလည်း ကြိုပြီးဆွေးနွေးပေးသွားကြပါဦးခင်ဗျ။

ခရက်ဒစ် – Pyawchinလွန်းလို့